ချောင်းဆုံမြို့နယ်၌ ၂၀၂၄ ခုနှစ် အသက်(၁၈)နှစ်အောက် ကျောင်းသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

ချောင်းဆုံ ဩဂုတ် ၂၈

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ထူးချွန်သည့် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးအတွက် ၂၀၂၄ ခုနှစ် မြို့နယ်ပညာရေးမှူးဖလား အသက်(၁၈)နှစ်အောက် ကျောင်းသားဘောလုံးပြိုင်ပွဲကို ဩဂုတ်လ (၁၅) ရက်နေ့က စတင်ကျင်းပခဲ့ရာ ယမန်နေ့ ညနေပိုင်းတွင် ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို မြို့နယ်မီတာ(၄၀၀)အားကစားကွင်းတွင် ကျင်းပခဲ့သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဝင်များနှင့် တာဝန်ရှိသူများက အသက်(၁၈)နှစ်အောင် ကျောင်းသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲဘောလုံးယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး (၃)ဂိုး (၁)ဂိုးဖြင့် (ချောင်းဆုံ)ဇုံအသင်းမှ (ကွမ်သဲ)ဇုံအသင်းအား အနိုင်ရရှိခဲ့သည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တစ်ဦးချင်အကောင်းဆုံးဆုများနှင့် အသင်းလိုက်ဆုများအား ဂုဏ်ပြုဆုငွေ၊ ဆုကလပ်များချီးမြှင့်ခြင်းနှင့် ဒိုင်းဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။ အဆိုပါ ၂၀၂၄ ခုနှစ် မြို့နယ်ပညာရေးမှူးဖလား အသက်(၁၈)နှစ်အောက် ဘောလုံးပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဇုံအလိုက် အသင်း(၉)သင်းဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)