ရေးမြို့နယ်၌ Mpox(မျောက်ကျောက်ရောဂါ) အသိပေးဆွေးနွေးပွဲကျင်းပ

ရေး သြဂုတ် ၂၈

မွန်ပြည်နယ် ရေးမြို့နယ်တွင် Mpox(မျောက်ကျောက်)ရောဂါအကြောင်း အသိပေးဆွေးနွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါဆွေးနွေးပွဲတွင် ရေးမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများဆောင်ရွက်ပြီး ဒုတိယခရိုင်ကုသရေးဦးစီးဌာန ဒေါက်တာ ဝင်းစည်သူက Mpox(မျောက်ကျောက်ရောဂါ)ကို ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့တွင် နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် မိမိနိုင်ငံမိမိမြို့နယ်အတွင်း ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ ရောဂါပျိုးရက် စသည့်အကြောင်းအရာများကို အသိပေးဆွေးနွေးခဲ့သည်။

ဆက်လက်၍ ရေးမြို့နယ် ပြည့်သူ့ဆေးရုံအစည်းအဝေခန်းမ၌ အထွေထွေရောဂါ သမားတော် ဒေါက်တာစိုးသီဟနိုင်က မြို့နယ်ကုသရေးနှင့် ကျန်းမာရေးဦးဌာနမှ ဝန်ထမ်းများ၊ ပုဂ္ဂလိကဆေးရုံဆေးခန်းမှ တာဝန်ရှိသူများ စုစုပေါင်းအင်အား(၇၈)ဦးတို့အား Mpox (မျောက်ကျောက်ရောဂါ)နှင့်ပတ်သက်၍ အသိပညာပို့ချရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)