သင်္ဃန်းကျွန်း ဩဂုတ် ၂၈
သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ် ပညာနေခြည်ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်၊ ဥပဒေပညာဌာနမှ ပါမောက္ခများက ကျောင်းသား၊ ကျောင်းသူများအား ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်၊ ကျောင်းအုပ်ကြီးဒေါက်တာငြိမ်းသီအောင်က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တက္ကသိုလ်၊ ဥပဒေပညာဌာနမှ ပါမောက္ခများက Introduction to Constitutions Of Myanmar နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေတွင် ပြဌာန်းထားသည့် သိမှတ်ဖွယ်ရာများကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြသည်။
ထို့နောက် ကျောင်းအုပ်ကြီး ဒေါက်တာငြိမ်းသီအောင်က ဟောပြောဆွေးနွေးခဲ့သည့် ရန်ကုန်တက္ကသိုလ်၊ ဥပဒေပညာဌာနမှ ပါမောက္ခများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲကို သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ ၅၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
သိန်းအောင်