မိုးနဲမြို့နယ်၌ မိုးစပါးလျာထားဧက ရာနှုန်းပြည့်စိုက်ပျိုးပြီးစီး

မိုးနဲ ဩဂုတ် ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်အတွင်း ဒေသခံတိုင်းရင်းသားပြည်သူများ၏ ဆန်ရိက္ခာဖူလုံပိုလျှံရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၄- ၂၀၂၅ ခုနှစ်အတွင်း မိုးစပါး လျာထားဧက (၉၅၉၅) စိုက်ပျိုးရန်လျာထားပြီး ယနေတွင်လျာထားဧက ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

ယခုနှစ် မိုးနဲမြို့နယ်၌ စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တောင်သူများနှင့်ပူးပေါင်းကာ ဒေသနှင့်ကိုက်ညီမည့် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်နိုင်ရေး၊ ပိုးမွှားအန္တရာယ် ကျရောက်မှုကင်းဝေးစေရေး ၊မျိုးကွဲများ နုတ်ပယ်ခြင်း၊ ဓာတ်မြေဩဇာစနစ်တကျကိုင်တွယ်သုံးစွဲခြင်းစသည့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးခြင်းများကို စဉ်ဆက်မပြတ် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။   

မျိုးညွန့်ရွှေ (မိုးနဲ)