တိုက်ကြီးမြို့နယ်၌ အခြေခံစာရင်းအင်းပညာနှင့် စံကွက်ရိတ်သိမ်းခြင်း သင်တန်းအမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

တိုက်ကြီး သြဂုတ် ၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေး သင်တန်းကျောင်းတိုက်ကြီးမြို့အခြေခံစာရင်းအင်းပညာနှင့် စံကွက်ရိတ်သိမ်းခြင်း သင်တန်းအမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို မန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

ဦးစွာ သင်တန်းကျောင်းညွှန်ကြားရေးမှူး(ကျောင်းအုပ်ကြီး)မှ အဖွင့်အမှာစကားပြောကြားသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူး၊ ဌာနမှူးများ အရာရှိသင်တန်းသား(၂၇)ဦး၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ သင်တန်းသား(၅၀)ဦး၊ နည်းပြ၊ ဒု-နည်းပြ(၁၄)ဦး စုစုပေါင်း(၉၁)ဦး တက်ရောက်ကြကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)