ပုဗ္ဗသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာ၌ စာကြည့်တိုက်အဆောက်အဦသစ် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ

ပုဗ္ဗသီရိ ဩဂုတ် ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်ကျော်နှင့် မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများလိုက်ပါလျက် ဩဂုတ် ၂၆ ရက်နေ့ နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာရှိ စာကြည့်တိုက်အသစ် ဆောက်လုပ်မည့်နေရာအား ပန္နက်တင်ခြင်းမင်္ဂလာအခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါ စာကြည့်တိုက်များ စာကြည့်တိုက်အသစ်ဆောက်လုပ်မည့်မြေနေရာအား ပန္နက်တင်ခြင်းမင်္ဂလာအခမ်းအနားကျင်းပခဲ့ပြီး အုပ်ချုပ်ရေးမှူးရုံး၌ စာကြည့်တိုက်ကြီးကြပ်ရေး ကော်မတီဝင်များ၊ ရပ်မိ/ရပ်ဖများနှင့်တွေ့ဆုံပြီး စာကြည့်တိုက်အသစ် အမြန်ဆုံးတည်ဆောက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊  စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ စာဖတ်သည့်အလေ့အထများဖြစ်စေရေး၊ အသိပညာ၊ အတတ်ပညာ ဗဟုသုတပြည့်စုံစေရေး၊ စာအုပ်များ စနစ်တကျထားရှိရေးတို့ကို နေ့စဉ်ထုတ်သတင်းစာများထားရှိရေး၊ သုတရသစာအုပ်စာစောင်များ ပြည့်စုံစွာထားရှိရေး၊ စာကြည့်တိုက်တွင် လူငယ်လူရွယ်များအတွက် အသိပညာပေး နံရံကပ်စာစောင်များပြသပေးရေး၊ ပြိုင်ပွဲများကျင်းပပြုလုပ်ပေးရေး၊ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ရပ်ရွာပြည်သူများ၊ အလှူရှင်များနှင့် စာပေချစ်မြတ်နိုးသူအဖွဲ့များမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေရေး၊ စာကြည့်တိုက်အတွင်းအပြင် သန့်ရှင်းသာယာလှပစေရေးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြစေရေး မှာကြားခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)