မိတ္ထီလာမြို့နယ် အမှတ်(၄၅)အခြေခံမူလတန်းကျောင်းတွင် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မိတ္ထီလာ သြဂုတ် ၂၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အမှတ်(၄၅)အခြေခံမူလတန်းကျောင်းတွင် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီ ၃၀မိနစ်အချိန်က အဆိုပါကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဆရာဆရာမများက ရွှင်လန်းနိုင်ကြပါစေ သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးဝင်းလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ၎င်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ကျောင်းစာကြည့်တိုက်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များအား လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချစ်ချစ်လှက လက်ခံယူခဲ့သည်။ ယင်းနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချစ်ချစ်လှက ကျောင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဆရာမ ဒေါ်ကြူကြူဝင်းက မိဘဆရာအသင်းအမည်စာရင်းနှင့် ကျောင်းအကျိုးဆောင်အဖွဲ့အမည်စာရင်းကို ဖတ်ကြားခဲ့သည်။ ထို့နောက် ကျောင်းအကျိုးဆောင်အဖွဲ့ဝင် ဦးသိန်းမြင့်နှင့် ကျောင်းသားမိဘများကိုယ်စား ကျောင်းသားမိဘ ဦးမောင်မြင့်တို့က ကျေးရွာ၏ပညာရေးလုပ်ငန်းများအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး မိဘဆရာအသင်းဝင် ဦးသိန်းစိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများ၊ ပထမဆု ဆက်တိုက်ရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက အကများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)