ပြင်ဦးလွင် ဩဂုတ် ၂၇
မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် စာဖတ်ဝိုင်းတွင် ဗမာလူမျိုး စာပေနှင့် ယဉ်ကျေးမှုအသင်း ခရိုင်ဒုတိယဥက္ကဋ္ဌ ဒေါ်အေဇင်မေက စာဖတ်ခြင်းနှင့် စာပေကပေးသော အကျိုးကျေးဇူးများအကြောင်း ဆွေးနွေးပြောကြားပြီး အ.လ.က(၃)မှ ကျောင်းသား/ကျောင်းသူများက မိမိတို့ဖတ်ရှုလေ့လာခဲ့ သောစာပေများနှင့်ပတ်သက်၍ ပြန်လည်မျှဝေဆွေးနွေးခြင်း၊ စာပေကပေးသော သုတ/ရသ များအား အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တက်ရောက်လာသော အ.လ.က(၃)မှ ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များ၊ Mini Museum နှင့် ကလေးစာဖတ်ခန်းအား စိတ်၀င်တစား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သွေးသွေး(ပြန်/ဆက်)