ပျော်ဘွယ်မြို့နယ် မယ်ဇလီအိုင့်ကျေးရွာတွင် ကျေးရွာစာကြည့်တိုက်ဆောက်လုပ်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ပျော်ဘွယ် ဩဂုတ် ၂၇

မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေကျပ်သိန်း (၁၅၀)ဖြင့် ပျော်ဘွယ်မြို့နယ်၊ ဂွေးဇီးကျေးရွာအုပ်စု၊ မယ်ဇလီအိုင့်ကျေးရွာ၌ စာကြည့်တိုက်အဆောက်အဦးအသစ်ကို ဆောက်လုပ်လျက်ရှိရာ စာကြည့်တိုက်အသစ်ဆောက်လုပ်မှုလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်နှင့်အဖွဲ့ဝင်များက ယနေ့နံနက်(၁၀)နာရီက အဆိုပါစာကြည့်တိုက်ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်က သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များနှင့်တွေဆုံ၍ အဆောက်အဦးအား သတ်မှတ်စံချီန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများချမှတ်နိုင်ရေးတို့ကို ဆွေးနွေးပြောကြားသည်။

နိုင်ငံတော်အနေဖြင့် ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်များတွင် ကျေးရွာစာကြည့်တိုက်အသစ်များအား တည်ဆောက်ပေးလျက်ရှိရာ ပျော်ဘွယ်မြို့နယ်အနေဖြင့် ဂွေးဇီးကျေးရွာအုပ်စု၊ မယ်ဇလီအိုင့်ကျေးရွာတွင် အလျား(၂၄)ပေ၊ အနံ(၂၀)ပေ၊ အမြင့်(၁၃)ပေရှိ ကျေးရွာစာကြည့်တိုက်ကို ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)