ကျောက်ဖြူ ဩဂုတ် ၂၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက စာရေးဆရာ ခင်စောတင့် ရေးသားသော “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာပေချစ်မြတ်နိုးသူများအသင်း Women Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး Women Club အဖွဲ့ဝင် ဒေါ်တင်တင်ခိုင်က စာအုပ်ပါခေါင်းစဉ်များထဲမှ ‘မျှော်လင့်ချက်’ ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေး သည်။ ဆက်လက်၍ Women Club အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်ခင်ထွေးရီက ‘သိုက်မြုံမှခွာသောအခါ’ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ယုယုကျော်က ‘မွေးမေမေနဲ့ကျွေးမေမေ’ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ယဉ်ယဉ်နုက ‘အချိန်အခါကိုသိပါ’ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ခင်မိုးဦးက ‘ဘာကြောင့်မေ့တာလဲ’ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာ ကြသည့် Women Club အဖွဲ့ဝင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် စာပေချစ်မြတ်နိုးသူများအသင်း Women Club အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)