လူငယ်သင်တန်းကျောင်း(မန္တလေး)တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ပြုလုပ်

မန္တလေး ဩဂုတ် ၂၇

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ ကျင်းပပြုလုပ်သော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အကွက်(၅၂/အပြင်)၊ ၁၂လမ်း၊ ၇၃လမ်းထောင့်၊ မန္တလေးလူငယ်သင်တန်းကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မန္တလေးလူငယ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွန်း၊ ဦးစီးအရာရှိ ဒေါ်ပြုံးပြုံးကြည်နှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီ၊ ဒုတိယဦးစီးမှူး ဒေါ်တင့်တင့်ရွှေနှင့်ဝန်ထမ်းများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဒေါ် စန်းစန်းအေးနှင့် လူငယ်သင်တန်းကျောင်းမှ ကျောင်းသားများ စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်စန်းစန်းအေးက လူငယ်နှင့်အားကစားအကြောင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ‌ ဒေါ်ခင်နှင်းဆီက လူငယ်နှင့်ရည်မှန်းချက်အကြောင်းကိုလည်းကောင်း အသီးသီး အသိပညာပေးဟောပြောကြပြီး၊ ကျောင်းအုပ်ဆရာကြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အခမ်းအနား မစတင်မီနှင့် အခမ်းအနားအပြီးတွင် လူငယ်သင်တန်းကျာင်းမှ ကျောင်းသားလေးများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစာင်များကို စိတ်ဝင်တစား လေ့လာကြည့်ရှု့ကြကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)