တံတားဦး ဩဂုတ် ၂၇
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် တောင်သူများသည် ဒေသတွင်းဝမ်းစာဖူလုံရေး စားသုံးဆီဖူလုံရေးအတွက် အဓိကထားဆောင်ရွက်ထားလျက်ရှိပြီး စားဖိုဆောင်ဟင်းသီးဟင်းရွက်မျိုးစုံကိုလည်း စိုက်ပျိုးကြပြီး ပိုလျှံပါက မိသားစုအပိုဝင်ငွေရရှိရေးအတွက် စိုက်ပျိုးကြရာ ယခုအခါ စားဖိုဆောင်သီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
စားဖိုဆောင်သီးနှံများကို မိမိတို့နေအိမ်ခြံဝန်းနေရာများတွင်လည်းကောင်း ယာခင်းများတွင်လည်းကောင်း မိုးဦးစတင်ရွာသွန်းသည့်နှင့်တစ်ပြိုင်တည်း အသီးသီးစိုက်ပျိုးကြပြီး သဘာဝအော်ဂဲနစ် သီးနှံများဖြစ်သည့် ရွှေဖရုံ၊ ခဝဲ၊ ချဉ်ပေါင်၊ သခွား၊ ရုန်းပတီeနှင့် ဖရဲ အစရှိသော သီးနံများကို ကျန်းမာရေးနှင့် ညီညွတ်သည့်အပြင် တောင်သူများ အများဆုံးနှစ်သက်ကြပြီး ထမင်းစားဝိုင်းတွင်မပါမဖြစ် စားသုံးကြသည့် ရာသီစာသီးနှံများဖြစ်ကြောင်း၊ သီးနှံများစိုက်ပျိုးချိန်တွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေဦးစီးဌာနမှ နည်းပညာပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း စားဖိုဆောင်သီးနှံများကို မြို့ပေါ်မှ ဝယ်ယူစားသုံးရန်မလိုဘဲ မိမိတို့စိုက်ပျိုးထားသည့် သီးနှံများကို အချိန်မရွေး ခူးဆွတ်စားသုံးနိုင်သည့်အပြင် ပိုလျှံပါက မိသာစုအပိုဝင်ငွေရရှိရေးအတွက် နှစ်စဉ်မိုးရာသီတွင် စိုက်ပျိုးကြကြောင်း တောင်သူ ဦးလှရှိန်ထံမှ သိရသည် ။
တံတားဦးမြို့နယ်အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်း၊ နှစ်ရှည်ပင်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပြီး ယခုအခါ တောင်သူများ စိုက်ပျိုးထားသည့် သီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ စားဖိုဆောင်သီးနှံမျိုးစုံ (၈၃၅)ဧက စိုက်ပျိုးထားကြောင်းလည်းရသည် ။
ရဲတင့်(ပြန်/ဆက်)