မန္တလေး ဩဂုတ် ၂၇
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း (၈၀) ပေါ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဂေါပကအဖွဲ့ကဦးစီး၍ ဆဋ္ဌမပတ် စုပေါင်းဘုံဆွမ်းလောင်းလှူပွဲကို ယနေ့နံနက် ၆ နာရီက ကျင်းပပြုလုပ်သည်။
ထိုသို့ဘုံဆွမ်းလောင်းလှူပွဲတွင် ဒဟတ္တောကျာင်းတိုက်မှ အပါး(၅၀)၊ မဟာဝေယံဘုံသာကျောင်းတိုက်မှ အပါး(၁၀၀)၊ ပတ္တမြားကေိာင်းတိုက်မှ အပါး(၅၀) နှင့် သင်္ဂဇာကျောင်းတိုက်မှ အပါး(၅၀) စုစုပေါင်း သံဃာတော်အရှင်သူမြတ်အပါး(၂၅၀)တို့အား ပင့်ဖိတ်၍ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းဂေါပကအဖွဲ့နှင့်အတူ ယူနန်ဘုံကျောင်းအားကစားအဖွဲ့က ဆွမ်း၊ ဆွမ်းဟင်းများ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လောင်းလှူကြကြောင်း သိရသည်။
မြင့်မော်ထွန်း_(အောင်စံ၊ပြန်/ဆက်)