ညောင်ရွှေမြို့နယ် ခေါင်တိုင်ကျေးရွာ၌ ကျေးရွာစာကြည့်တိုက် အဆောက်အဦတည်ဆောက်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားပြုလုပ်

ညောင်ရွှေ ဩဂုတ် ၂၇

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ခေါင်တိုင်ကျေးရွာအုပ်စု၊ ခေါင်တိုင်ကျေးရွာ စာကြည့်တိုက် အဆောက်အဦ ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲက အဆိုပါ စာကြည်တိုက်ဆောက်လုပ်မည့် မြေနေရာ၌ ပြုလုပ်သည်။

ရှေးဦးစွာ ပန္နက်တင်ကြမည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် တာဝန်ရှီပုဂ္ဂိုလ်များက သတ်မှတ်နေရာများတွင် နေရာယူကြပြီး မင်္ဂလာအချိန်ကျရောက်သည်နှင့် အသီးသီးပန္နက်တင်ကြ၍ ဧည့်သည်တော်များက အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

ဆက်လက်ပြီး အခမ်းအနားဒုတိယပိုင်းကို ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ကျေးရွာစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် အဆောက်အဦအချိန်မီပြီးစီးရေး၊ အရည်အသွေးပြည့်မီ ကောင်းမွန်ရေးတို့အတွက် တည်ဆောက်ရေးကော်မတီ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ