မန္တလေး သြဂုတ် ၂၇
ညောင်ကွဲရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာရှင်အလှူရှင်များ၏ (၁၆၆) အကြိမ်မြောက် ဘုံဆွမ်းလောင်းလှူပွဲကို မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ ၈၉လမ်း၊ ၈×၉ လမ်းကြားရှိ ညောင်ကွဲရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ရုံးရှေ့တွင် ယနေ့နံနက် ငါးနာရီက လောင်းလှူကုသိုလ်ပြုကြသည်။
အဆိုပါ ဘုံဆွမ်းလောင်းလှူပွဲတွင် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ တပ်ခွဲ (၃) တပ်ခွဲမှူး မောင်မောင်၊ ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့၊ တပ်စုမှူး တင်မောင်ဆန်းနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်း၍ ရပ်ကွက်အတွင်း လေးပြင်လေးရပ်မှ ဆွမ်းခံကြွရောက်လာသော ရဟန်၊ သံဃာအပါး ၁၃၀ကျော်တို့အား ဆွမ်း၊ ကြက်သားအာလူးချက်၊ ကုလားပဲနှပ်၊ ငါးလေးခြောက်၊ ငရုပ်သီးကြော်၊ ပဲတီချဥ်သုပ်စသည့် ဆွမ်း၊ ဆွမ်းဟင်းများ လှူဒါန်းကြကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)