ရန်ကုန် သြဂုတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသော ဆေးလိပ်ဆေးရွက်ကြီးလွှမ်းမိုးမှုအန္တရာယ် သတိပြုကာကွယ်တို့လူငယ်ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ(၃၃)ဦးနှင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ(၂၇)ဦး ပါ၀င်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များဆေးလိပ်၊ ဆေးရွက်ကြီးသောက်သုံးမှုမရှိစေရန်အတွက် ရည်ရွယ်ကာ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ ဆေးလိပ်ဆေးရွက်ကြီးလွှမ်းမိုးမှုအန္တရာယ် သတိပြုကာကွယ်တို့ လူငယ်ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများကို ကျင်းပေးခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ပြိုင်ပွဲ၀င် ကျောင်းသား ကျောင်းသူများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် ဆေးလိပ်ဆေးရွက်ကြီး သောက်သုံးမှုနှင့် ပတ်သက်သည့် အသိပညာပေးပိုစတာများအား စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
အောင်မြင့် (ပြန်/ဆက်)