နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမင်းဦး မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေတိုက်စား နေရာများအား ကွင်းဆင်းကြည့်ရှု

ပုဗ္ဗသီရိ ဩဂုတ် ၂၇

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ  ရပ်ကွက်၊ ကျေးရွာများနှင့် စာသင်ကျောင်းများအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ဖြစ်ပေါ်နေသည့်  ရေတိုက်စားနေရာများအား ဩဂုတ်လ (၂၅) ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရေတိုက်စားသည့်နေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆးရာတွင် ကမ်းပါးတိုက်စားမှု ကာကွယ်နိုင်ရေးအတွက် ရေလမ်းကြောင်းပြောင်းလဲနိုင်ရေး ပေါင်းစပ်ညှိနှိုင်းခြင်း၊ ဆင်သေချောင်းဘေးရှိ ဓာတ်တိုင်မှ လျှပ်စစ်ကေဘယ်ကြိုးများအား ပုဗ္ဗသီရိမြို့နယ် လျှပ်စစ်လိုင်းခွဲတာဝန်ခံနှင့် မီးလင်းရေးကော်မတီတို့မှ ခေတ္တဖြုတ်သိမ်းထားပြီး လျှပ်စစ်မီးများ ဖြတ်တောက်ထားခြင်း၊ ကျေးရွာသူ၊ ကျေးရွာသားများ၊ ရပ်မိရပ်ဖများနှင့် အုပ်ချုပ်ရေးအဖွဲ့များ ဝိုင်းဝန်း၍ ရေကာတာများ ပြုလုပ်နေခြင်းများကို နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ နေပြည်တော် ရေအရင်းအမြစ်မှ တိုင်းဦးစီးမှူး ဦးဇေယျာထွန်း၊ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒေါ်နွယ်နီခိုင်၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက  မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)