ရပ်စောက် ဩဂုတ် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ရပ်စောက်မြို့အခြေခံပအညာအထက်တန်း ကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိုးရာသီကျောင်းကောင်စီ ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါကျောင်းဝန်းအတွင်းရှိ ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ဆုပေးပွဲအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အထက်တန်းအဆင့် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဆက်လက်ကျင်းပသည်။ ၎င်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ မိုးရာသီကျောင်းကောင်စီ ဘောလုံးပြိုင်ပွဲ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်တို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အသင်းများနှင့် တစ်ဦးချင်းအကောင်းဆုံးဆုများကို မြို့နယ်ပညာရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးမြတ်သူ၊ ကျောင်းအုပ်ဆရာမကြီးနှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (ရပ်စောက်)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီ ကျောင်းကောင်စီအသင်းလှုပ်ရှားမှု ဘောလုံးပြိုင်ပွဲကို ဩဂုတ် ၁၃ ရက်မှ ၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း ကျောင်းကောင်စီအသင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်