ရမည်းသင်း ဩဂုတ် ၂၇
မန္တလေးဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရမည်းမြို့နယ် ဦးစီးဌာနမှူးရုံးကြီးမှူး၍ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ရမည်းသင်းမြို့နယ် မြင်းနားကျေးရွာအုပ်စု၊ ရွှေနန်းပေါ်ကျေးရွာ ရွှေမြင်တင်ကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ရမည်းသင်းမြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးမှူး ဦးသိန်းထိုက်က လူဦးရေစာရင်း တိကျမှန်ကန်ရေး ပြည်သူအားလုံး ပါဝင်ကြစေလိုကြောင်း၊ သန်းခေါင်းစာရင်း ကောက်ရသည့် ရည်ရွယ်ချက်များဖြစ်သည့် အခြေခံပညာကျောင်းများ၊ ဆေးရုံ၊ ဆေးခန်း၊ ရေပေးဝေမှုစနစ်၊ လျှပ်စစ်ဓါတ်အားဖြန့်ဝေမှု၊ အလုပ်အကိုင် အခွင့်အလမ်းများ၊ လူမှုစီးပွားဖွံဖြိုးတိုးတက်ရေးတို့အတွက် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း စာရင်းစစ်၊ စာရင်းကောက် လုပ်ငန်းများနှင့် စာရင်းကောက် မေးခွန်းပုံစံ၊ သန်းခေါင်စာရင်း ယူရခြင်းသည် ပြည်သူများ၏ အလုပ်အကိုင်များနှင့် အသက်အပိုင်းအခြား တိကျစေရေးနှင့် လူမှုစီးပွားဖွံဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အဦများစသည်တို့ကို ကောက်ကွက်အလိုက် စနစ်တကျ ကောက်ယူဆောင်ရွက်နိုင်ရေး လုပ်ငန်းအဆင့်ဆင့်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် မြင်းနားအုပ်စုအတွင်းရှိ ကျေးရွာပြည်သူများမှ သန်းခေါင်စာရင်း ကောက်ယူရေးအသင်းအဖွဲ့များမှ သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားရှင်းလင်းကာ သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သတင်းရသည်။
ခရိုင်(ပြန်/ဆက်)