ပုဗ္ဗသီရိမြို့နယ်၌ ကျည်တောင်ကန် အမှတ်(၂)ရပ်ကွက်အတွင်း ခြင်ဆေးမှုတ်စက်ဖြင့် ဆေးဖျန်းပေးခြင်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ပုဗ္ဗသီရိ ဩဂုတ် ၂၆

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် အမှတ်(၂)ရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်ကျန်းမာရေးဌာနမှ ခြင်ဆေးမှုတ်စက်ဖြင့် ဆေးဖျန်းပေးခြင်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ယမန်နေ့မွန်းလွဲပိုင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ခြင်ဆေးဖျန်းပေးခြင်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာ ဦးဇော်နိုင်ထွန်း(RHC)ပါ လေးဦးတို့က ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ကျယ်ပြန့်စွာအရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဆင်ခြေထောက်ရောဂါကင်းဝေးရေး၊ သွေးလွန်တုပ်ကွေးရောဂါများ ကြိုတင်ကာကွယ်ရေး၊ ပိုးလောက်လန်းများနှိမ်နင်းရေး၊ ဝမ်းပျက်ဝမ်းလျောရောဂါ ကြိုတင်ကာကွယ်ရေး၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျန်းမာရေးအသိမျှဝေခြင်းနှင့်အတူ ကြိုတင်ကာကွယ်ဆေးများ ထိုးနှံ၊ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)