ရန်ကုန် ဩဂုတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် အ.လ.က(၁)ကျောင်းတွင် Mpox (မျောက်ကျောက်ရောဂါ) အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နေ့လယ် (၁၁) နာရီ မိနစ် (၃၀) အချိန်က အဆိုပါကျောင်းရှိ မြမာလာခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် လမ်းမတော်မြို့နယ် ကျန်းမာရေးဌာနမှ ဒေါက်တာနီနီအေးက Mpox (မျောက်ကျောက်ရောဂါ)နှင့်ပတ်သက်ပြီး သိသင့်သည့်အကြောင်းအရာများနှင့် ရှောင်ရှားရမည့်အရာများကိုလည်းကောင်း၊ ဒေါက်တာမေသဉ္ဇာနွယ်က ဝမ်းပျက်/ဝမ်းလျှောရောဂါအကြောင်းကိုလည်းကောင်း၊ ဒေါ်ခိုင်ဇင်ထွေးက သွေးလွန်တုပ်ကွေးရောဂါအကြောင်းကိုလည်းကောင်း၊ ဒေါ်ယဉ်မင်းလတ်က သန့် (၄) သန့် လက်ဆေးနည်းအကြောင်းကိုလည်းကောင်း၊ အသီးသီးဟောပြောဆွေးနွေးကြသည်။
ဆက်လက်ပြီး ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားတွင် ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူမျာက ဆုများအသီးသီးပေးအပ်ကြပြီး ကျန်းမာရေးဌာနမှထုတ်ဝေသော ကျန်းမာရေးလက်ကမ်းစာစောင်များအား ကျောင်းသား၊ ကျောင်းသူများထံ လက်ဝယ်အရောက် ဝေငှပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့်