ဒက္ခိဏသီရိမြို့နယ်၊ အမှတ် (၁၉) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

နေပြည်တော် ဩဂုတ် ၂၆

ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်စေရေး၊ စာအုပ်စာပေများ လေ့လာဖတ်ရှုပြီး ရရှိသည့် အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေစေနိုင်ရေးနှင့် စာအုပ်စာပေများကို ချစ်မြတ်နိုးပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ အမှတ် (၁၉) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန၊ ဒက္ခိဏခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ‌နအနေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ စာအုပ်စာပေဖတ်ရှုသင့်သည့် အကြောင်းအရင်းများနှင့် စာအုပ်စာပေဖတ်ရှုရန် နည်းလမ်းကောင်းများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။

ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံးမှ စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် ခင်းကျင်းပြသထားသည့် စာအုပ်စာပေများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ဖတ်ရှုခဲ့ကြကြောင်း သိရသည်။

နေထက်ပိုင်(ပြန်/ဆက်)