ကျိုင်းတုံမြို့နယ်တွင် နိုင်ငံ‌တော်မတည်‌ငွေဖြင့် ဆောက်လုပ်မည့် ကျေးရွာစာကြည့်တိုက် မြေနေရာ ပန္နက်တင် အခမ်းအနားကျင်းပ

ကျိုင်းတုံ ဩဂုတ် ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် နိုင်ငံတော်မတည်‌ငွေဖြင့် ဆောက်လုပ်မည့် ကျေးရွာစာကြည့်တိုက်မြေနေရာ ပန္နက်တင်အခမ်းအနားကို ယနေ့တွင် မိုင်းလပ်ကျေးရွာအုပ်စု၊ ဝမ်မိုင်ကျေးရွာ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြန်ကြာ‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ဦးစီးမှူး ဦးအေးမောင်က ကျေးရွာနေပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာအုပ်စာပေများကို အခမဲ့အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန် ရည်ရွယ်၍  နိုင်ငံတော်မှ ရပ်ကွက်၊ ကျေးရွာများတွင် စာကြည့်တိုက်များ‌ဆောက်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ဒေသခံကျေးရွာနေပြည်သူများအား ပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျိုင်းတုံခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ပြည်နယ်/ခရိုင်/မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများက စာကြည့်တိုက်တည်ဆောက်ရန် သတ်မှတ်နေရာအသီးသီးတွင် ပန္နက်ရိုက်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းကြသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)