(အင်းစိန်၊ တိုက်ကြီး၊ တွံတေး) ခရိုင်အဆင့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ဩဂုတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်၊ တိုက်ကြီး၊ တွံတေးခရိုင်များ၏ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (အင်းစိန်၊ တိုက်ကြီး၊ တွံတေး) ခရိုင်အဆင့်ဖွင့်ပွဲကို ယနေ့နံနက် (၈) နာရီက မရမ်းကုန်းမြို့နယ်၊ မြန်မာကွန်ဗင်းရှင်းစင်တာ MCC ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်၊ တိုက်ကြီး၊ တွံတေးခရိုင် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇင်က အမှာစကားပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်ဖျော်ဖြေခဲ့ပြီး၊ ဖျော်ဖြေတင်ဆက်သူများအား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ပြီးနောက် အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

(၂၅)ကြိမ်မြောက် ငွေရတု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် (အင်းစိန်၊ တိုက်ကြီး၊ တွံတေး) ခရိုင်အတွင်းရှိ မြို့နယ်များမှ အဆိုပြိုင်ပွဲဝင် မဟာဂီတ(၇)ဦး၊ ခေတ်ဟောင်းတေး ကာလပေါ်(၁၄)ဦး၊ အမျိုးဂုဏ်ဇာတိဂုဏ်တေး(၁၁)ဦး၊ အကပြိုင်ပွဲဝင်(၈)ဦး၊ ရုပ်သေး(၁)ဦး၊ အရေးပြိုင်ပွဲဝင်(၂)ဦး၊ အတီးပြိုင်ပွဲဝင် နှဲ(၁)ဦး၊ ပလွေ(၁)ဦး၊ စန္ဒရား (၃)ဦး၊ ပတ္တလား(၆)ဦး၊ မယ်ဒလင်(၂)ဦး၊ အိုးစည်အဖွဲ့လိုက်(၅)ဦးပါ အဖွဲ့(၁)ဖွဲ့၊ ဒိုးပတ်အဖွဲ့လိုက် (၆)ဦးပါ အဖွဲ့(၁)ဖွဲ့၊ ဆိုင်းတစ်ဦးချင်း (၄)ဦး၊ ဆိုင်းဝိုင်းကြီး(၈)ဦးပါ အဖွဲ့(၁)ဖွဲ့ စုစုပေါင်း(၇၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး၊ ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)