မိတ္ထီလာ သြဂုတ် ၂၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါးစိုက်ဧက ၁၃၀၆၁ ဧက စိုက်ပျိုးသွားရန် သတ်မှတ်လျားထားပြီး မိုးစပါးများကို သြဂုတ်လ ပထမပတ်မှ စတင်၍ စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက မိုးစပါးကို ဆည်ရေကန်ရေသောက်စနစ်ဖြင့်လည်းကောင်း၊ ဆည်ရေ၊ ကန်ရေ မရသည့်ဒေသများတွင် မိုးကောင်းရေသောက်စနစ်ဖြင့်လည်းကောင်း စိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါးစိုက်ဧက ၁၃၀၆၁ ဧက စိုက်ပျိုးသွားရန် သတ်မှတ်လျားထားပြီး မိုးစပါးများကို သြဂုတ်လ ပထမပတ်မှ စတင်၍ စိုက်ပျိုးလျက်ရှိသည်။ ယင်းသို့ စိုက်ပျိုးရာတွင် မိုးစပါးကို ပျိုးထောင်စိုက်ပျိုးသည့်စနစ်၊ တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးသည့်စနစ်များဖြင့် စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရာတွင်လည်း ဒေသနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် မနောသုခ၊ ဆင်းသုခ မျိုးစပါးများကို အဓိကစိုက်ပျိုးလျက်ရှိရာ ယနေ့အထိ မိုးစပါးစိုက်ပျိုးဧက ၁၂၃၅ ဧက စိုက်ပျိုးပြီးစီးကြောင်း သိရသည်။
အဆိုပါ မိုးစပါးစိုက်တောင်သူများ တစ်ဧကအထွက်နှုန်း တိုးတက်စေရေးအတွက် မျိုးကောင်း၊ မျိုးသန့် ထုတ်လုပ်သုံးစွဲရေး၊ သွင်းအားစုများ စနစ်တကျထည့်သွင်းကာ လေလွင့်ဆုံးရှုံးမှုများလျော့နည်းစေရေး စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ ဟောပြောခြင်း၊ စိုက်ကွင်းသရုပ်ပြသခြင်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)