ရမည်းသင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု မြို့နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားကျင်းပ

ရမည်းသင်း ဩဂုတ် ၂၆

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု မြို့နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်းရတနာခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်က ကမ္ဘာ့မိခင်တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် အခြေခံကျန်းမာရေးစောင်​ရှောက်မှုလုပ်ငန်းများ ပိုမိုခိုင်မာလာရေး မိခင်နို့တိုက်ကျွေးဖို့ အားလုံးကူညီပံ့ပိုးစို့ ခေါင်းစဉ်နှင့်အညီ၊ အာဟာရပြည့်ဝခြင်းသည် လူတစ်ဦးတစ်ယောက် မှစ၍ နိုင်ငံတော်ဖွံဖြိုးတိုးတက်မှုအတွက် အရေးပါကြောင်း၊ ကျန်းမာကြံ့ခိုင်သည့် အနာဂါတ်လူချွန်လူကောင်းများ ပေါ်ထွက်လာစေရန် နို့တိုက်မိခင်များမှ အခြေခံကျပြီး အရေးပါသည့် အာဟာရဖွံဖြိုးရေးလုပ်ငန်းများကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုများနှင့်အတူ ပိုမိုခိုင်မာလာအောင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အထိမ်းအမှတ် Video Clip ပြသကာ ကျောင်းအဆင့်အာဟာရရက်သတ္တပတ်လှူပ်ရှားမှုအ​နေဖြင့် “ကျန်းမာရေးနှင့်ညီညွတ်သော အစားအုပ်စု” ဉာဏ်စမ်းပြိင်ပွဲဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မဉ္ဇူမြင့်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက အသက် ၅ နှစ်အောက် ကလေးများအား Vitamin A ​ဆေးလုံးတိုက်ကျွေးခြင်း၊ အာဟာရ​ကျွေး​မွေးခြင်းနှင့် နို့တိုက်မိခင်များအား အာဟာရအစားအစာများနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်တိုက်ကျွေးရေး၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများနှင့် ကျောင်းအဆင့် အာဟာရရက်သတ္တပတ်လှုပ်ရှားမှု မြို့နယ်အဆင့် အထိမ်းအမှတ်ပြခန်းများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)