စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အခမ်းအနားမှူးသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

စဉ့်ကိုင် ဩဂုတ် ၂၆

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ပညာရေးဌာနမှ ဆရာမများ မိမိတို့သက်ဆိုင်ရာကျောင်းတွင်း ဟောပြောပွဲ၊ အစည်းအဝေး၊ ဆွေးနွေးပွဲ စသည့်အခမ်းအနားများကို အဆင်ပြေစွာဆောင်ရွက်နိုင်ရန်ရည်ရွယ်ကာ အခမ်းအနားမှူးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးကိုကိုကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ရုပ်/သံကျွမ်းကျင်-၃ သင်တန်းနည်းပြဆရာမ ဒေါ်အေးအေးသီက သင်တန်းသူများအား အခမ်းအနားမှူး‌ကောင်းတစ်ယောက်၏ တာဝန်ယူဆောင်ရွက်ရမည့်အချက်များ၊ အခမ်းအနားမှူးကောင်းတစ်ယောက်၏အရည်အချင်း၊ ဝတ်စားဆင်ယင်မှု စသည့်သင်ခန်းစားများကို စာတွေ့လက်တွေ့ပို့ချသင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားမှူးသင်တန်းကို ၂၆-၈-၂၀၂၄ ရက်နေ့မှ ၂၈-၈-၂၀၂၄ ရက်နေ့အထိ နေ့စဉ် နံနက် (၉) နာရီမှ ညနေ (၃) နာရီအထိ ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)