တံတားဦးမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ခြင်ဆေးမှုတ်စက်ဖြင့် ဆေးဖျန်းပေးခြင်းလုပ်ငန်း ဆောင်ရွက်

တံတားဦး ဩဂုတ်၂၆

ကျောင်းသား/သူများအေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားရေး၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် တံတားဦးခရိုင် တံတားဦးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို ခြင်ဆေးမှုတ်စက်ဖြင့် ကျောင်းပိတ်ရက်တွင် လိုက်လံဆောင်ရွက်ပေးကြောင်း သိရသည်။

မြို့နယ်ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျောင်းကျန်းမာရေးလုပ်ငန်းများကို ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ကျယ်ပြန့်စွာ အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိပါကြောင်း အခြေခံပညာကျောင်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး၊ ဆင်ခြေထောက်ရောဂါကင်းဝေးရေး၊ ဝမ်းပျက်ဝမ်းလျောရောဂါကြိုတင်ကာကွယ်ရေး၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျန်းမာရေးအသိမျှဝေခြင်းနှင့်အတူ ကြိုတင်ကာကွယ်ဆေးများ ထိုးနှံ၊ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ် အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများအနေဖြင့် ယနေ့အထိ ပြင်းထန်ရောဂါခံစားရမှုမရှိဘဲ ကျန်းမာစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည် ။

ရဲတင့်(ပြန်/ဆက်)