ပေါင်မြို့နယ်၌ သထုံခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနား ကျင်းပ

ပေါင် ဩဂုတ် ၂၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သထုံခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရင်းငြိမ်‌ချောင်း၌ ‌ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သထုံခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးမင်းမင်းနှင့် ခရိုင်ရုံးဝန်ထမ်းများ ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအတွင်းရေးမှူး ရဲမှူးသံမရောင်၊ အဖွဲ့ဝင် ဗိုလ်မှူး ကျော်နိုင်ဦးနှင့် မြို့နယ်ဌာနဆိုင်ရာများ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ အမျိုးသမီးရေးရာအဖွဲ့ဝင်တို့က ရင်းငြိမ်ချောင်းအတွင်းသို့ မွန်ပြည်နယ် ငါးသားပေါက်စခန်း(သထုံ)မှ ၂ လက်မအရွယ်ရှိ ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၂၀၀၀၀)ငါးခုံးမကြီးသား ပေါက်ကောင်ရေ (၃၀၀၀၀) စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၅၀၀၀၀) ကောင်းအား ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

 မွန်မလေး (ပြန်/ဆက်)