မြစ်သားမြို့နယ် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

မြစ်သား သြဂုတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ၊ နံရံကပ် စာစောင်နှင့်စာအုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်သီတာအောင်က ဟောပြောပွဲ ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မူးယစ်ဆေးဝါးဆောင်ပုဒ်များ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖြစ်ပေါ်နိုင်သော စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ စိတ်ဓာတ်ခိုင်မာသန်စွမ်းရေး အားကစားကဏ္ဍမြှင့်တင်ပေး မူးယစ်ဆေးကို ရှောင်ကာမနှေး စသည့်အကြောင်းအရာနှင့်မူးယစ်ဆေးဝါးအမျိုးအစားများဖြစ်သည့် မူးယစ်ဆေးဝါးအုပ်စု(၅)မျိုး၊ ဆေးလိပ်/ ကွမ်းယာများ၏ ဆိုးကျိုးနှင့်အန္တရာယ်အကြောင်းအရာများနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးအကြောင်းအရာများကို အကျယ်တဝင့်ဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင် ပြပွဲနှင့်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုအသိပညာပေးနံရံကပ်စာစောင်၊ ကျန်းမာရေးဆိုင်ရာအသိ ပညာပေးနံရံကပ်စာစောင်များကို ဆရာ/ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သီတာအောင်(မြစ်သား)