တပ်ကုန်းမြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် ထန်းတောကြီးကျေးရွာ-သံခဲတောင်ကျေးရွာချင်းဆက်တံတား ပျက်စီးမှုဖြစ်ပွား

တပ်ကုန်း ဩဂုတ် ၂၄

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့အတွင်း ယမန်နေ့ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထန်းတောကြီးကျေးရွာ-သံခဲတောင်ကျေးရွာချင်းဆက်လမ်းပေါ်တွင် (ဒေသအခေါ်) ကျောက်ကုတင်ချောင်းဖြတ်ကူးတံတား ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာချင်းဆက်တံတားသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်၊ ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာန၊ လူထုဗဟိုပြုဖွံ့ဖြိုးရေးရန်ပုံငွေများဖြင့် တည်ဆောက်ထားသော အကျယ် ၁၂ ပေ၊ အရှည် ၅ ပေ တံတားဖြစ်ကြောင်းနှင့် အဆိုပါချောင်းတွင် လူနှင့် ဆိုင်ကယ်များ ဖြတ်သန်းသွားလာရေးအတွက် ထန်းတောကြီးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသူ၊ ရွာသားများက ယာယီတံတား တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်