သင်္ဃန်းကျွန်း ဩဂုတ် ၂၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကလေးငယ်များအား ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် (Community Center)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ရရှိစေရန်၊ ကျောင်းစာအပြင် အသိပညာဗဟုသုတများရရှိစေရန်၊ စဉ်းစားတီထွင်ခြင်း၊ တွေးတတ်ရေးတတ်သည့် အလေ့အထများရရှိစေရန်၊ လူအများရှေ့တွင် ပြောရဲဆိုရဲအကျင့်ကောင်းများရရှိလာစေရန်၊ ဉာဏ်ရည်ထက်မြက်တိုးတက်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်တို့အတွက် ရည်ရွယ်၍ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါပြိုင်ပွဲကို ကျောင်းသား/ကျောင်းသူ ၂၀ ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ကျောင်းသား/ကျောင်းသူလေးများက "ဆေးလိပ်နှင့်ကွမ်းယာ"အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါ၀င်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သိန်းအောင်