မုဒုံ သြဂုတ် ၂၄
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အကြိမ် (၄၀)မြောက် မုဒုံမြို့လုံးဆိုင်ရာ ဂိုဏ်ပေါင်းစုံ ဝါတော် (၄၀)နှင့်အထက် ဆရာတော်ကြီးများအား ပူဇော်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မြို့မ (၂)ရပ်ကွက်ရှိ လေးထပ်သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဂျုံးဂျုံးကျတောရကျောင်းဆရာတော် ဘဒ္ဒန္တကိတ္တိဝဏ္ဏထံမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဧည့်ပရိသတ်အပေါင်းတို့က သီလတော်မြတ်ခံယူသည်။ ထို့နောက် ဆရာတော်ကြီးများအား ပူဇော်ကန်တော့၍ ဆရာတော်ကြီး (၂၃)ပါးမှ မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဧည့်ပရိတ်အပေါင်းတို့က ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းပြီး ဓမ္မဒူတကျောင်း ဆရာတော်ကြီးမှ အနုမောဒနာတရားချီးမြှင့်ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ၍ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)