ရန်ကုန် ဩဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းတောရတပ်ဦးကျောင်းတိုက်၌ (၁၀)ရက် တရားစခန်းပွဲကို လူဦးရေ (၅၀၀)ကျော်ဖြင့် အဆိုပါကျောင်းတိုက် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာအဖွဲ့ခွဲ အမှတ်(၇၇)တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တရားစခန်းပွဲကို အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ မင်္ဂလဇောတိကဓဇ၊ ဝိဇ္ဇာကာသီ သီရိကမ္မဌာနာစရိယ(သီရိလင်္ကာနိုင်ငံ)၊ Ph.D(Social Science)၊ Ph.D (Vipassana Bhavana)Thailand၊ မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်ကြီး(ရန်ကုန်)၏ မဟာနာယက၊ အဘယလာဘမုနိကျောက်တော်ကြီးဘုရား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဩဝါဒါစရိယ၊ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာအဖွဲ့ခွဲ အမှတ်(၇၇)၏ ပဓာနနာယက၊ နိုင်ငံတော်သမ္မတကြီး၏ နိုင်ငံစွမ်းဆောင်ရည်ဆုတံဆိပ်ရ၊ အင်းစိန်မြို့နယ်သံဃနာယကအဖွဲ့ ဩဝါဒါစရိယ၊ ပြည်တွင်း ပြည်ပကမ္ဘာ့ဗုဒ္ဓသာသနာပြု အောင်ဆန်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ အရှင်သူမြတ်၏ ကြီးကြပ်မှုဖြင့် ဩဂုတ်(၂၂)ရက်နေ့မှ ဩဂုတ်(၃၁)ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် လူဦးရေ (၅၀၀)ကျော်ဖြင့် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)