သာကေတမြို့နယ်တွင် ရေးသူ၊ ဖတ်သူစာဖတ်ဝိုင်းကျင်းပပြုလုပ်

သာကေတ သြဂုတ် ၂၃

သာကေတမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များပူးပေါင်း၍ ယ​နေ့နံနက် ၁၀ နာရီအချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ဆရာမကြီးခြယ်မှုန်းသီ ရေးသားသည့် ကြိုးလေးတစ်မျှင်နှင့် ဘာသာပြန်ဆောင်းပါး၊ ဝတ္ထုများ” စာအုပ်ကို ရေးသူဖတ်သူစာဖတ်ဝိုင်းအဖြစ် ကျင်းပပြုလုပ်ရာ စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များ၊ စာပေညီအစ်ကို၊ မောင်နှမများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားမှူးအဖြစ် ဆရာမမိုးမိုးသင်း(ပတ္တမြားမြေ)ကဆောင်ရွက်ပြီး သာကေတမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဒေါ်ဆောင်းနှင်းဖြူက အဖွင့်အမှာစကားပြောကြားသည်။ 
ယင်းနောက် ကြိုးလေးတစ်မျှင်နှင့်ဘာသာပြန်ဆောင်းပါး၊ ဝတ္ထုစာအုပ်ကို ရေးသားသူဆရာမကြီးခြယ်မှုန်းသီက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဆက်လက်၍ ဆရာမောင်ညီဦး(က..)က အဆိုပါစာအုပ်တွင်ပါရှိသည့် သံလမ်းပေါ်က လမ်းပြကြယ်ကိုဖတ်ကြားရာ ဆရာမကြီးခြယ်မှုန်းသီ၊ ဆရာမနန်းဟင်းပြင်းနှင့် ဆရာမမအေးပွင့်တို့က ပြန်လည်ဆွေးနွေးခဲ့ကြပြီး ဆရာမမေ(ရန်ကုန်)က ကြိုးလေးတစ်မျှင်ကိုဖတ်ကြားရာ ဆရာမရွှေယဥ်နု(ပညာရေး)နှင့် ဆရာမဝင်းလတ်ဖြူတို့က ပြန်လည်ဆွေးနွေးခဲ့ကြပြီး ဖေဖေပေးတဲ့ ပျော်ရွှင်ခြင်းလက်ဆောင်ကို ဆရာရဲကျော်ဦး(ငြိမ်း)ကဖတ်ကြားရာ ဆရာမဇွန်ဖြူ(ပညာရေး)နှင့် ဆရာမမြမဥ္ဇူဝေ(ကျုံမငေး)တို့က ပြန်လည်ဆွေးနွေးခဲ့ကြသည်။
 ထို့နောက် တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များက ပြန်လည်ဆွေးနွေးခဲ့ကြပြီး ဆရာမကြီးညွန့်ညွန့်(ကလော)က ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြပြီး ဆရာမောင်ညီဦး(က..)နှင့် သာကေတမြို့နယ် Book Club ဥက္ကဋ္ဌ ဆရာမနန်းဟင်းပြင်းတို့က ကျေးဇူးတင်ဝမ်းမြောက်စကားများ ပြောကြားခဲ့ကြကြောင်းသိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)