ငါ့သ‌ရောက်မြို့ တွင် ထန်းသီးအစေ့များ စတင်မြှုပ်နှံ

ငါ့သရောက် ဩဂုတ် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့အတွင်း ကျေးရွာအများစုတွင်  ထန်းတောင်သူများသည် ဝါဆိုလနှင့် ဝါခေါင်လတို့တွင် ထန်းသီးအစေ့များကို စတင်မြှုပ်နှံကြကြောင်း သိရသည်။

ကျွန်တော်တို့  အညာဒေသ ထန်းတက်သူများနှင့်  တောင်သူအများကတော့ ထန်းသီးအဖတ်များကို “နွားစာ” အဖြစ် အသုံးပြုကြကာ ထန်းသီးအရင့်၊ အမှဲ့များနှင့် အစေ့များကို မြေကျင်း၊ မြေပေါ်တွင် အငှားသဲများဖို့ကာ ထန်းမြစ်ဖြစ်ဖို့ရန်အတွက် စတင်ဆောင်ရွက်ကြပါတယ်။ ဟိုးရှေးယခင်ကတည်းက ထန်းပင်စိုက်၊ ထန်းလုပ်ငန်း၊ ထန်းအစေ့မြှုပ်လုပ်ငန်းများ လုပ်ကိုင်ကြမယ်ဆိုရင် စနေနေ့မှာဘဲ စတင်လုပ်ဆောင်ကြတယ်လို့  တောင်သူ ဦးလှဆိုင်ထံမှ သိရသည်။

အဆိုပါ မြှုပ်နှံထားသော ထန်းအစေ့များကို တန်ဆောင်မုန်းလနှင့် နတ်တော်များတွင် ပြန်လည်တူးဖော်ကြကာ ရရှိလာသော ထန်းမြစ်များကို ဒေသအစားစာအဖြစ် စားသုံးကြပြီး တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းရှင်များက အခြားမြို့များသို့လည်း တင်ပို့‌ရောင်းချကြကြောင်း သိရသည်။

သိရသည်။

ငါ့သ‌ရောက်(ပြန်/ဆက်)