ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ မြေသားရေလှောင်ကန်တူးဖော်ပြီး စီးမှုနှင့်ကွန်ကရစ်လမ်းပြီးစီးမှုအခြေအနေတို့အား ကွင်းဆင်းစစ်ဆေး

ညောင်ဦး ဩဂုတ် ၂၃

မန္တ‌လေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်း မြေသားရေလှောင်ကန်တူးဖော်နေမှုအခြေအနေနှင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေတို့အား ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးခင်မောင်ခ၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်းတို့ လိုက်ပါလျက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ လှူဒါန်းတူးဖော်နေသည့် မြေနဲလေးကျေးရွာ၊ မြေသားရေလှောင်ကန်(၂)၊ ကန်အမှတ်(၀၆၁) မြေသားရေကန်တူးဖော်နေမှု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အမှတ်(၃)ရပ်ကွက်၊ အောင်သုခလမ်းကွန်ကရစ်ခင်းခြင်းနှင့် အမှတ်(၅)ရပ်ကွက်၊ ရတနာပုံလမ်းသွယ်ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့အား ကွင်းဆင်းစစ်ဆေးရာ မဆောင်ရွက်မီမှတ်တမ်းဓာတ်ပုံများ၊ အချက်အလက်များ၊ ဆောင်ရွက်နေစဉ် အချက်အလက်မှတ်တမ်းဓာတ်ပုံများနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့အား ကွင်းဆင်းစစ်ဆေးရာ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း