ဗိုလ်တထောင် ဩဂုတ် ၂၃
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်လွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အစည်းအဝေးတွင် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်က အဖွင့်အမှာစကားပြောကြားပြီး ဗိုလ်တထောင်မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးခေတ္တမြို့နယ် လဝကလက်ထောက်ညွန်ကြားရေးမှူး ဦးမိုးကျော်သူက စာရင်းကောက်ယူထားရှိမှုများကို ရှင်းလင်းပြောကြခဲ့သည်။
ထို့နောက် တက်ရောက်လာကြသောမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များက လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးကြပြီး အထွေထွေဆွေးနွေးခြင်းများ ဆွေးနွေးခဲ့ပြီးနောက် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမှ နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဝင်း (ပြန်/ဆက်)