ကျိုက်ထိုမြို့နယ်တွင် ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ကျိုက်ထို ဩဂုတ် ၂၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ် ဖြန့်ဖြူးသူများက သက်သာသောဈေးနှုန်းများဖြင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်းကို ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ယနေ့ နံနက် ၇ နာရီက မြို့မဈေးဝင်းအတွင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ ရောင်းချရာတွင် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် အမဲသားတစ်ပိဿာ(၁၃၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ(၁၂၅၀၀)ကျပ်၊ ကြက်သားတစ်ပိဿာ(၁၀၀၀၀)ကျပ်၊ ဧည့်မထဆန်(၁)ပြည်(၃၀၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿ(၆၆၄၀)ကျပ်၊ ကြက်ဥ(၁)လုံး(၃၆၀)ကျပ်၊ ငါးတန်တစ်ပိဿာ(၅၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာ(၅၅၀၀)ကျပ်၊ ငါးမုတ်တစ်ပိဿာ(၅၅၀၀)ကျပ်စသည့် စားကုန်ပစ္စည်းများအား သက်သာချောင်ချိသည့်ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများမှ စနစ်တကျဝယ်ယူအား‌ပေးခဲ့ကြောင်း သိရသည်။

အဆိုပါရောင်းချမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူးဒုတိယရဲမှူးကြီးဆန်းနိုင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတင့်လွင်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 ဝင်းမောင် (ကျိုက်ထို)