မဟာအောင်မြေ သြဂုတ် ၂၃
အခြေခံပညာဦးစီးဌာန မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးနှင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး သုံးစွဲမှု ပပျောက်ရေးအသင်း (ဗဟို-မန္တလေး) (AEDA-Mdy)တို့ ပူးပေါင်းကျင်းပသည့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ် အမှတ်(၂၈) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးကိုယ်စား အထက်တန်းပြ ဆရာ ဦးထွန်းဝင်းနိုင်က အမှာ စကား ပြောကြားခဲ့သည်။
ထိုနောက် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေးအသင်းမှ ဦးဝင်းမင်းလှိုင်က မူးယစ်သမိုင်းကြောင်း၊ ဦးမြင့်သန်းက မူးယစ်ဆေးဝါး အမျိူးအစားများနှင့် ဆိုးကျိူးအန္တရာယ်ကို ဟောပြောခဲ့သည်။
ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသားသူများအား ဦးဝင်းမင်းလှိုင်နှင့် ဒေါ်သင်းသင်းဦးတို့က မေးခွန်းများ မေးမြန်းပြီးဖြေဆိုသည့် ကျောင်းသား/သူ များအား ဆုချီးမြှင့်ပြီး မူးယစ်ဆေးဝါး မသုံးစွဲစေရန် တက်ရောက်လာသည့် ကျောင်းသား/သူ (၂၀၀)ဦးက သန္တိဌာန် ရွတ်ဆိုကြကြောင်း သိရသည်။
အောင်ဇော်မင်း