မိတ္ထီလာမြို့ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ပြိုင်ပွဲများတွင် ဆုရှိခဲ့သူများအား ဆုချီးမြင့်ပွဲ အခမ်းအနား ကျင်းပ

မိတ္ထီလာ ဩဂုတ် ၂၃

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အ.ထ.က(၂)တွင် ကျင်းပပြုလုပ်သည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ပြိုင်ပွဲများတွင် ဆုရရှိခဲ့သူအား ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါကျောင်းရှိ ရတနာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက အမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ဝေဝေဖြိုးက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပရခြင်း အကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အဆိုပါပွဲတော်တွင် ထည့်သွင်းကျင်းပခဲ့သည့် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများ၊ စာဖတ်ဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသူများ၊ ဒိုင်အဖွဲ့ဝင်များအား ဂုဏ်ပြုဆုများကို တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ဝေဝေဖြိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦး၊ ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါက်တာစောမြင့်ထူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် မြို့နယ်အတွင်းမှ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသူကျောင်းသားများက တေးသီချင်းများ၊ တေးသရုပ်ဖော်များဖြင့် သီဆိုကပြဖျော်ဖြေခဲ့ပြီး အခမ်းအနားအပြီးတွင် တာဝန်ရှိသူများနှင့် ပြိုင်ပွဲများတွင် ဆုရရှခဲ့ကြသူများ အမှတ်တရ စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ချမ်းသာ