ပင်လောင်း ဩဂုတ် ၂၃
"မိခင်နို့ချိုတိုက်ကျွေးဖို့ အားလုံးကူညီပံ့ပိုးစို့" ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု မြို့နယ်အဆင့်ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့ ဘက်စုံသုံးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်းက အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာခင်သိန်းထွေးက အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုနှင့်ပတ်သက်၍ မိခင်များကိုယ်ဝန်ဆောင်စဉ်နှင့် မီးဖွားပြီးကာလတွင် အာဟာရဓာတ်ပြည့်ဝသည့် အစားအစာများ၊ နို့တိုက်မိခင်ဘဝ ကိုယ်ဝန်ဆောင်စဉ်ထက် အာဟာရဓာတ်ပြည့်ဝစေရေး အစားအစာများ ပိုမိုစားသုံးရန်လိုအပ်ကြောင်း၊ ခြောက်လအောက်ကလေးအား မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးပေးရန်နှင့် ခြောက်လကျော်ကလေးများကို ဖြည့်စွက်စာကျွေးရန်လိုအပ်ကြောင်း အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာခင်သိန်းထွေးက အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုနှင့်ပတ်သက်၍ မိခင်များကိုယ်ဝန်ဆောင်စဉ်နှင့် မီးဖွားပြီးကာလတွင် အာဟာရဓာတ်ပြည့်ဝသည့်အစားအစာများ၊ နို့တိုက်မိခင်ဘဝ ကိုယ်ဝန်ဆောင်စဉ်ထက် အာဟာရဓာတ်ပြည့်ဝစေရေး အစားအစာများ ပိုမိုစားသုံးရန်လိုအပ်ကြောင်း၊ ခြောက်လအောက်ကလေးအား မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးပေးရန်နှင့် ခြောက်လကျော်ကလေးများကို ဖြည့်စွက်စာကျွေးရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြည်သူ့ကျန်းမာရေးဌာနမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ အဖွဲ့ဝင်များက စံပြမိခင်များအား စံပြမိခင်ဆုပေးအပ်ချီးမြှင့်ပြီး ကလေးငယ်များအား ဗီတာမင်အေဆေးလုံး၊ သန်ချဆေးများ၊ ကိုယ်ဝန်ဆောင်မိခင်များအား သံဓာတ်ဆေးပြားနှင့် ဗီတာမင်ဘီဝမ်းဆေးပြားများ တိုက်ကျွေးပေးခဲ့သည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးမိခင်များတို့က ကျန်းမာရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသည့် အာဟာရအစားအစာများ ကြည့်ရှုကြပြီး ကျန်းမာရေးဦးစီးဌာနတာဝန်ရှိများက အာဟာရအစားအစာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြိုနယ်(ပြန်/ဆက်)