အမှတ်(၂) ခရိုင်ချင်းဆက်လမ်းတွင် ခံနိုင်ဝန်အားကောင်းမွန်စေမည့် RCC  Culvert (၃) စင်း ဆောက်လုပ်ပေး

ကျောက်ဆည် ဩဂုတ် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဒေသအတွင်း ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး ကျောက်ဆည်ခရိုင်အတွင်းရှိ အမှတ် (၂) ခရိုင်ချင်းဆက်လမ်းတွင် ခံနိုင်ဝန်အားကောင်းမွန်စေမည့် RCC Culvert (၃)စင်း ဆောက်လုပ်ပေးလျက်ရှိကြောင်း  သိရသည်။

ခံနိုင်ဝန်အားကောင်းမွန်စေမည့် RCC Culvert များကို မန္တလေးတိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေကျပ် (၈၇.၅၀၀)သန်း အကုန်အကျခံကာ ဝဏ္ဏကျော်ကုမ္ပဏီမှ တာဝန်ယူ၍ (၁.၅၂ မီတာ X ၁.၅၂မီတာX ၁၂.၁၉မီတာ)ရှိ RCC Culvert များဆောက်လုပ်ပေးခြင်းဖြစ်ကြောင်းနှင့် RCC Culvert များကို အမှတ်(၂)လမ်း၏ (၄၇) ကီလိုမီတာနှင့် (၄၉.၇) ကီလိုမီတာ၊ (၇၁) ကီလိုမီတာနှင့် ၇၃ ကီလိုမီတာအတွင်း ဆောက်လုပ်ပေးလျက်ရှိပြီး လုပ်ငန်းများ သတ်မှတ်အချိန်နှင့် အရည်အသွေး ပြည့်မီရေး မြို့နယ်လမ်းဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

အမှတ်(၂) ခရိုင်ချင်းဆက်လမ်းသည် ကျေးရွာများမှ ထွက်ရှိသော ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်း များကို လွယ်ကူလျင်မြန်ချောမွေစွာ သယ်ယူနိုင်ရေး ဖောက်လုပ်ထားသည့် လမ်းဖြစ်ကြောင်းနှင့် မြို့နယ် လမ်းဦးစီးဌာနအနေဖြင့် မြိုပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်အတွက် ဘဏ္ဍာနှစ်အလိုက် လမ်းများ၊ တံတားများ၊ လူနေထိုင်ရာ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အချိန်ကုန်သက်သာပြီး ကုန်ကျမှုစရိတ်သက်သာစေရန်နှင့် ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုအတွင်း လွယ်ကူမြန်စွာ သယ်ယူနိုင်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများ ဖွံ့ဖြိးတိုးတက်စေရန်အတွက် လိုအပ်သည့် လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)