ကလော ဩဂုတ် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ မြို့လယ်ဓမ္မာရုံ၌ ယနေ့နံနက် ၉ နာခွဲအချိန်က ရွှေကလော အထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း (လီမီတက်) မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အရပ်ရပ်ဆိုင်ရာနှစ်ပတ်လည်အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ အသင်းသား ၃၆၂ ဦးစာရင်းရှိပြီ ၂၅၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရွှေကလောအထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း(လီမီတက်)သဘာပတိအသင်းဥက္ကဋ္ဌ ဦးမြဆောင်နှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမာဌေးတို့က အသင်း၏လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းက အသင်း၏ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်အတွက် အသင်းအမှုဆောင်အဖွဲ့ အစီရင်ခံစာဖတ်ကြားခဲ့ပြီး စာရင်းစစ် ဦးမျိုးသိန်းက အသင်းစာရင်းစစ်အစီရင်ခံစာကိုလည်းကောင်း၊မြို့နယ်သမဝါယမဦးစီးဌာန၊ ဌာနခွဲစာရေး ဒေါ်သူဇာဝင်းက နှစ်ချုပ်ဘဏ္ဍာရေးစာရင်းရှင်းတမ်းကို ဖတ်ကြားတင်ပြခဲ့သည်။ ဆက်လက်၍ သဘာပတိက အသင်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အသင်းအမှုဆောင်အဖွဲ့ အစီရင်ခံစာ၊ စာရင်းစစ်အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးစာရင်းရှင်းတမ်းတို့အပေါ်အသင်းသားများ၏ ဆန္ဒသဘောထားရယူ၍ အတည်ပြုကြေညာခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)