ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံနှင့် အခြားသီးနှံမျိုးစုံ (၄၉၀၄၉)ဧက လျာထားစိုက်ပျိုး

ကျောက်ဆည် ဩဂုတ် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံနှင့် အခြားသီးနှံမျိုးစုံ (၄၉၀၄၉)ဧက လျာထား စိုက်ပျိုးလျက်ရှိရာ (၁၁၅၇၇)ဧက စိုက်ပျိုးပြီးကြောင်းနှင့် လျာထားချက်ပြည့်မီ ကျော်လွန်ရေး ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မိုးသီးနှံများ စိုက်ပျိုးရာတွင် မင်းရဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်း၌ နေကြာ(၇)ဧက၊ ပဲတီစိမ်း (၁၃၀)ဧက၊ အခြားပဲ(၂၁၁)ဧက၊ ငရုတ်(၁၅၉)ဧက၊ ဟင်းသီး/ဟင်းရွက် (၅၃၆)ဧက၊ ကျွဲနွားစာ (၁၃၄)ဧက၊ သင်းတွဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်း၌ မြေပဲ(၁၈၃)ဧက၊ နှမ်း(၂၀၃၅)ဧက၊ နေကြာ(၁၅၇၈)ဧက၊ ပဲတီစိမ်း(၈၉၂၀)ဧက၊ ပဲစင်းငုံ (၁၄၉၁)ဧက၊ အခြားပဲ(၅၉၉)ဧက၊ နှံစားပြောင်း (၁၅၆၆)ဧက၊ ဖူးစားပြောင်း (၅၄၄)ဧက၊ ငရုတ်(၄၀၄)ဧက၊ နနွင်း(၁၀၃)ဧက၊ ဟင်းသီး/ဟင်းရွက် (၂၁၇)ဧက၊ ကျွဲနွားစာ (၄၁၀၁)ဧက၊ ချည်မျှင်ရှည်ဝါ(၃၀၈၀)ဧက၊ သင်းဒီးစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်း၌ မြေပဲ(၁၅)ဧက၊ နှမ်း(၃၆၉)ဧက၊ နေကြာ(၂၈၀)ဧက၊ ပဲတီစိမ်း(၁၂၅၀)ဧက၊ ပဲစင်းငုံ (၂၀၀)ဧက၊ အခြားပဲ(၁၄၁၀)ဧက၊ နှံစားပြောင်း(၅၇၄)ဧက၊ ငရုတ်(၃၉၀)ဧက၊ နနွင်း(၈၀၀)ဧက၊ ဟင်းသီး/ဟင်းရွက်(၄၉၅)ဧက၊ ကျွဲနွားစာ(၁၁၁၄)ဧက၊ ချည်မျှဉ်ရှည်ဝါ (၈၀၀)ဧက၊ ထုံးကြီးစိုက်ပျိုးရေး နည်းပညာပေးရှေ့တန်းစခန်း၌ နှမ်း(၆၇၆)ဧက၊ နေကြာ(၈၅)ဧက၊ ပဲတီစိမ်း(၅၇၁)ဧက၊ အခြားပဲ (၇၂၉)ဧက၊ နှံစားပြောင်း(၂၈၆)ဧက၊ ဖူးစားပြောင်း(၁၆၀)ဧက၊ ငရုတ်(၁၆၇)ဧက၊ ဟင်းသီး/ဟင်းရွက် (၄၃၀)ဧက၊ ကျွဲနွားစာ(၅၅၉)ဧက၊ စမာစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်း၌ မြေပဲ(၉၈)ဧက၊ နှမ်း (၁၅၀၀)ဧက၊ နေကြာ(၁၀၆၆)ဧက၊ ပဲတီစိမ်း(၁၄၀၀)ဧက၊ အခြားပဲ(၇၁၂)ဧက၊ နှံစားပြောင်း(၅၀၆)ဧက၊ ဖူးစားပြောင်း(၈၉)ဧက၊ ငရုတ်(၆၈၀)ဧက၊ ဟင်းသီး/ဟင်းရွက်(၃၇၅)ဧက၊ ကျွဲနွားစာ(၈၅၃)ဧက၊ တမုတ် စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်း၌ နေကြာ(၁၂၇)ဧက၊ ပဲတီစိမ်း (၄၂၂)ဧက၊ အခြားပဲ(၂၄၃၃)ဧက၊ နှံစားပြောင်း(၅၁၂)ဧက၊ ဟင်းသီး/ဟင်းရွက်(၁၆၇)ဧက၊ ကျွဲနွားစာ(၇၅၁)ဧက အသီးသီး လျာထားစိုက်ပျိုးလျက် ရှိကြောင်း သိရသည်။

ထိုသို့ သီးနှံမျိုးစုံလျားထားစိုက်ပျိုးရာ၌ မင်းရဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်း၌(၁၉၅)ဧက၊ သင်းတွဲစိုက်ပျိုးရေး နည်းပညာပေးရှေ့တန်းစခန်း၌ (၅၈၂၅)ဧက၊ သင်းဒီးစိုက်ပျိုးရေး နည်းပညာပေးရှေ့တန်းစခန်း၌(၁၂၁၃)ဧက၊ ထုံးကြီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်း၌ (၁၈၇၃)ဧက၊ စမာစိုက်ပျိုးရေး နည်းပညာပေးရှေ့တန်းစခန်း၌ (၃၉၂)ဧက၊ တမုတ်စိုက်ပျိုးရေး နည်းပညာပေးရှေ့တန်းစခန်း၌(၂၀၇၉)ဧက စိုက်ပြီးကြောင်းနှင့် စိုက်ပျိုးသီးနှံများ လျာထားချက်ပြည့်မီ ကျော်လွန်ရေးနှင့်အောင်မြင်ရေး ခရိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန်းခွဲရေး ဦးစီးဌာနများမှ တာဝန်ရှိသူများမှ ဒေသနှင့်ကိုက်ညီသည့် မျိုးစေ့များနှင့် စိုက်ပျိုးနည်းစနစ်များ စိုက်ပျိုးရေများ စနစ်တကျ ကူညီဆောင်ရွက်ပေးခဲကြောင်း သိရသည်။

သက်မောင်(ပြန်/ဆက်)