ပြည်ကြီးတံခွန် ဩဂုတ် ၂၃
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါမြို့နယ်ရှိ အ-ထ-က(ခွဲ)လ-၅ ကျောင်းခန်းမ၌ ကျင်းပသည်။
အသိပညာပေး ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကား ပြောကြားပြီး ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က စာပေဗဟုသုတကြွယ်ဝဖို့ လူတိုင်းစာဖတ်ကြပါစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးနွယ်အေးချိုက လူငယ်နှင့်အားကစားအကြောင်း သိကောင်းစရာများကိုလည်းကောင်း အသီးသီး ဟောပြောကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီး ဌာန၊ဦးစီးအရာရှိက ကျောင်း သား၊ကျောင်းသူများအတွက် ပိုက်ကျော်ခြင်း၊ ခြင်းလုံးနှင့် ဘော်လီဘော အစရှိသည့် အားကစား ပစ္စည်းများပေး အပ်လှူဒါန်းရာ အလယ်တန်းပြဆရာမ ဒေါ်သိန်းတင်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ခင်စောလွင်