အမရပူရမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အသိပညာပေး‌ဟောပြောပွဲကျင်းပ

အမရပူရ ဩဂုတ် ၂၃

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေလုပ်ငန်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်၉နာရီက အမရပူရမြို့နယ်ရှိ စာတိုးမြို့ပြင်ကြီးကျေးရွာအုပ်စု၊ စက်ကွေ့ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး‌‌ဟောပြောပွဲတွင် သန်းခေါင်စာရင်းဆိုင်ရာရည်ရွယ်ချက်၊‌ ကောက်ယူမည့်နည်းလမ်း၊ ကောက်ယူမည့်အိမ်ထောင်စုမေးခွန်းပုံစံနှင့် အဖွဲ့အစည်းမေးခွန်းများအား ပြည်သူများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုဝင်းက ပရော်ဂျက်တာဖြင့်  အကျယ်တဝင့်အသိပညာပေး ဟောပြောခဲ့သည်။ တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ မြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုဝင်းက ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ စာတန်းပါတီရှပ်အင်္ကျီ ၁၀ ထည်၊ ဦးထုပ် ၁၀ လုံး၊ အသိပညာပေးပိုစတာနှင့်လက်ကမ်းစာစောင်များကို တက်ရောက်လာကြသည့် ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)