ပုဗ္ဗသီရိမြို့နယ်၊ ဥယျာဉ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီးရှိ ဆင်သေချောင်း‌ ရေတိုက်စားခြင်းအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပုဗ္ဗသီရိ ဩဂုတ် ၂၂

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ဥယျာဉ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီးရှိ ဆင်သေချောင်း ရေတိုက်စားခြင်းအား ယမန်နေ့ မွန်းလွဲပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပုဗ္ဗသီရိမြို့နယ်၊ ဥယျာဉ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီးရှိ ဆင်သေချောင်း ရေတိုက်စားခြင်းအား ကျေးရွာသူ၊ ကျေးရွာသားများ၊ ရပ်မိရပ်ဖများနှင့် အုပ်ချုပ်ရေးအဖွဲ့များဝိုင်းဝန်း၍ ရေကာတာများ ပြုလုပ်နေခြင်းများကို ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)