ညောင်ဦး ဩဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ပြည်သူများအသိပညာဗဟုသုတများတိုးပွားစေရေးနှင့် စာအုပ်စာစောင်များ အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ထောက်ပံ့ငွေ ကျပ်သိန်း ၁၅၀ ဖြင့် တည်ဆောက်နေသည့် သူကောင်းတည်ကျေးရွာ စာကြည့်တိုက်သို့ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်အတွင်း ကျေးရွာ/ရပ်ကွက်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြည်သူလူထုဗဟုသုတတိုးပွားရေး၊ လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားရေးအတွက် စာကြည့်တိုက်များဖွံ့ဖြိုးရေးနှင့်ရှင်သန်ခိုင်မာရေးအတွက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ထောက်ပံ့ငွေ ကျပ်သိန်း ၁၅၀ ဖြင့် ဆောက်လုပ်နေသည့် သူကောင်းတည်ကျေးရွာစာကြည့်တိုက်၊ နတ်ပလင်ကျေးရွာစာကြည့်တိုက်နှင့် ကျပ်သိန်း ၅၀ ဖြင့် ပြန်လည်ပြုပြင်ခြင်းဆောင်ရွက်မည့် လက်ပံခြေပေါ်ကျေးရွာစာကြည့်တိုက်တို့ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဆောက်လုပ်ပြီးစီးမှုအခြေအနေတို့အား ကွင်းဆင်းစစ်ဆေးရာ စာကြည့်တိုက်တည်ဆောက်မှု ပြီးစီးမှုအခြေအနေတို့အား သူကောင်းတည်ကျေးရွာ ရပ်မိရပ်ဖ ဦးညွန့်မောင်၊ ရာအိမ်မှူး ဦးသံလုံးတို့က ပြီးစီးမှုအခြေအနေတို့အား ရှင်းလင်းတင်ပြသည်။
ညောင်ဦးမြို့နယ်တွင် ကျပ်သိန်း ၁၅၀ ဖြင့် ဆောက်လုပ်မည့် သူကောင်းတည်ကျေးရွာ၊ နတ်ပလင်ကျေးရွာနှင့် ကျပ်သိန်း ၅၀ ဖြင့် အဆင့်ပြန်လည်မြှင့်တင်မည့် လက်ပံခြေပေါ်ကျေးရွာစာကြည့်တိုက်တို့အား ညောင်ဦးမြို့နယ် စာကြည့်တိုက်ကြီးကြပ်မှုကော်မတီက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒီပါလင်း