တပ်ကုန်း ဩဂုတ် ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ဆေးခန်းများသတ်မှတ်ချက်စည်းကမ်းများနှင့်ကိုက်ညီမှု ရှိ၊ မရှိကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၂)ဒေါက်တာခင်မောင်ထွန်း၊ တပ်ကုန်း ခုတင် ၁၀၀ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအုပ်စိုးလင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုး၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးဇော်မင်းနိုင်၊ မြို့နယ်လမ်းဦးစီးဌာနမှ ငယ်တန်းအင်ဂျင်နီယာ ဒေါ်နီနီဝင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်အိအိခင်၊ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနမှ ဦးမြတ်တိုး၊ မြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်ဆန်းဦးပူးပေါင်းအဖွဲ့က ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းလိုင်စင်အသစ်လျှောက်ထားသော ပုဂ္ဂလိကဆေးခန်းဖြစ်သည့် “ကောင်း” အထူးကု ဆေးခန်းအား သတ်မှတ်ချက်စည်းကမ်းများနှင့်ကိုက်ညီမှု ရှိ၊ မရှိကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်